Three Jewels of Buddhism
About Podcast
ကျေးဇူးတော်ရှင် အောင်လံ ဆရာတော်ဘုရားကြီး၏ တရားတော်များကို (၇) ရက် သား/သမီးများအလွယ်တကူ နာကြားနိုင်ရန် ရည်ရွယ်ပါသည် ။
အောင်လံ ဆရာတော်ဘုရားကြီး
အရှင်စန္ဒိမာ(အောင်လံ)ကို ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင်ကျေးရွာနေ ခမည်းတော် ဦးသိန်းအောင်၊ မယ်တော် ဒေါ်ခင်မြတို့မှ ကောဇာသက္ကရာဇ် (၁၃၁၄) ခုနှစ် ကဆုန်လပြည့်ကျော် (၅) ရက် နံနက် (၄) နာရီအချိန်တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ယောက်ရှိသည့်အနက် တတိယမြောက်သားရတနာ ဖြစ်သည်။ ငယ်စဉ်မှစ၍ လောကီအတန်းပညာများကို သင်ကြားခဲ့သည်။ အသက် (၂၄) နှစ်အရွယ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလဲ့ရွှေကျင်ကျောင်းကြီးတွင် ဘဒ္ဒန္တဇဝနကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ သဲအင်းဂူဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော်ဦးသီရိဓမ္မထံတွင် (၉) ရက် တရားစခန်းအားထုတ်ပြီး ၎င်းနှင့်အတူ မှော်ဘီသဲအင်းဂူဌာနချုပ်၌ ပထမဝါကပ်၍ တရားကျင့်ကြံအားထုတ်ခဲ့သည်။ ဆရာတော်ဦးသီရိဓမ္မထံ၌ (၅) နှစ်တာ တရားအားထုတ်ရင်း သာသနာပြုခဲ့သည်။
ရဟန်း (၂) ဝါအရတွင် ဖခင်ဖြစ်သူ သေဆုံးသဖြင့် (၆) ဝါအရတွင် ကျန်ရစ်သူမိခင်ကြီးနှင့် ညီငယ်များကို လုပ်ကျွေးရန် ဝတ်ကြောင်ဘဝသို့ သက်ဆင်းခဲ့ရသည်။ (၁၉၉၆)ခုနှစ်တွင် ပြည်မြို့ တီတွဒ်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှ ဦးခင်ဝင်း-ဒေါ်သန်းသန်းမြင့်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မှော်ဘီမြို့နယ်၊ သဲအင်းဂူဝိပဿနာဌာနချုပ်မှ ဘဒ္ဒန္တဝါယာမ(ဘီးလင်းဆရာတော်) ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ ဒုတိယအကြိမ် တက်ခဲ့သည်။ (၂၀၀၀) ခုနှစ်တွင် အောင်လံမြို့၊ စက်ရုံရပ်ကွက်၌ တိုက်ခွဲအမှတ် (၃၂)၊ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာကို စတင်ထူထောင်၍ ယခုအချိန်ထိ သာသနာပြုလျက်ရှိသည်။ ဆရာတော်သည် 'ယောဂီအခြေခံ သိမှတ်ဖွယ်၊ (၉) ရက်စခန်း နိဗ္ဗာန်လမ်းတရားကျင့်စဉ်၊ သောတာပတ္တိမဂ် ရှူဖွယ်' စသော ကျမ်းများကိုလည်း ပြုစုထားသည်။
Episodes
ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု
သဲအင်းဂူ တိုက်ခွဲ (၃၂) - ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ တရားတော်များထဲမှ " အခွင့်အခါကြုံခိုက် စိုက်ပျိုးလိုက် ။ " တရားတော်
သဲအင်းဂူ တိုက်ခွဲ (၃၂) - ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ တရားတော်များထဲမှ " ရတနာပန်းငုံ သီလနဲ့ခြုံ ။ " တရားတော်
သဲအင်းဂူ တိုက်ခွဲ (၃၂) - ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ " သယ်စရာရှိတာ သယ်သွားပါ ၊ ပယ်စရာရှိတာ ပယ်သွားပါ ။ " တရားတော်
သဲအင်းဂူ တိုက်ခွဲ (၃၂) - ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ " ညီတော် မင်းနန်ချွတ်ခန်း " တရားတော်
Meet Our Staff
SiThu
Uploader
Reviews by Our Listeners
Boost your video podcast's clout by adding testimonials from your listeners. Reviews from the media work, too. People love recommendations so feedback from others is invaluable.
Larissa Charter
Boost your video podcast's clout by adding testimonials from your listeners. Reviews from the media work, too. People love recommendations so feedback from others is invaluable.
Samuel Clinton
Boost your video podcast's clout by adding testimonials from your listeners. Reviews from the media work, too. People love recommendations so feedback from others is invaluable.
Ellen Downing